ဆင်သေကို ဆိတ်ရေနှင့်ဖုံး၍မလုံနိုင်

ကြီးမားသော ဆင်သေကောင်ကြီးကို ဆိတ်ငယ်၏သားရေနှင့်ဖုံး၍ မလုံနိုင်ဟု ဆိုလိုသည်။ အကြောင်းပြချက်၊ ချေပချက်၊ ဖုံးအုပ်ထိန်ချန်ချက်များသည် မူလအ အကြောင်းအရာကို မငုံမိ၊ မဖုံးမိဘဲ၊ မလုံမလောက်ဖြစ်နေရသည့်အခါတွင် သုံးနှုန်း သည်။ ဖုံးကွယ်၍မရအောင် ထင်လင်းမြင်သာသည်ကို ဖုံးကွယ်ခြင်းမပြုရန် သတိပေး သုံးနှုန်းသည်။

Any suggestions? Please leave it here