ဆင်လိုက်ရာ ၀ါကြီးဝါငယ်မရွေးသာ
ရဟန်းများသည် အပေါင်းအစုနှင့်ကြွချီသောအခါ ၀ါကြီးသောရဟန်းက ရှေ့မှ ကြွ၍ ၀ါငယ်သောရဟန်းများက နောက်မှလိုက်ပါလာကြမြဲဖြစ်သော်လည်း ဆင်လိုက်၍ ပြေးကြရသောအခါတွင်ကား ဆင်၏အန္တရာယ်မှ လွတ်ရေးက အရေးကြီးသဖြင့် ၀ါကြီး ၀ါငယ် အစဉ်ကို မငဲ့သာဘဲ ပြေးကြရသည်ဟုဆိုလိုသည်။ စည်းကမ်း၊ တစ်စုံတစ်ရာ၊ သတ်မှတ်ချက် ရှိစေကာမူအရေးအခင်းအခြေအနေ အလျောက် သက်သာလွယ် ကူခရီးပေါက်ရောက်မှုကို ရှေးရှု၍ သင့်လျော်အောင် ကျင့်သုံးရသည့် ခြွှင်းချက်ရှိပုံကို တင်စားသုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။