စိုစိုနှင့်နံသည့်ကြောင်ချေး
ကြောင်ချေးမှာအမြင်အားဖြင့် ပျော့စိစိရှိ၍ အနံအသက် ပြင်းထန်ဆိုးရွားသည် ဟု မထင်ရစေကာမူ အနံမှာစူးစူးရှရှ ဆိုးရွားနံစော်လှသည်ဟုဆိုလိုသည်။ အမြင်အား ဖြင့် ပျော့ပျော့ပျောင်းပျောင်းရှိသလောက် ခက်ထန်တင်းမာသောသူမျိုး မထင်မှတ်ပဲနှင့် အစွမ်းပိုကဲသော သူမျိုးကို တင်စား၍သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
“ပျော့ပျော့နှင့် နံသည့် ကြောင်ချေး” လို့ ပိုအသုံးများတဲ့ မူကွဲ ရှိပါတယ်။ အဓိပ္ပာယ်ကတော့ အတူတူပါပဲ။
ကုတ်ကမြင်း