စိုင်ကော်၍ ချုံပေါ်ရောက်သည်

တောမုဆိုးသည် မိမိအစွမ်းဖြင့် ချုံအမြင့်ပေါ်သို့ ခုန်တက်နိုင်စွမ်းမရှိသော်လည်း စိုင်သတ္တ၀ါက ဦးချိုဖြင့် ပင့်ကော်တိုက်ခိုက်ရာမှ လွင့်မြောက်၍ ချုံပေါ်တင်နေသည်ဟု ဆိုလိုသည်။ တစ်စုံတစ်ဦးသည် မိမိအစွမ်း၊ လုံ့လပယောဂဖြင့် ပြီးမြောက်အောင်မြင် ခြင်းမရှိဘဲ သူတစ်ပါးက ထောက်ပံ့ကူညီမှုဖြင့်သာ ကြီးမြင့်တိုးတက်ရသည့်အခါတွင် သုံးနှုန်းသည်။

Any suggestions? Please leave it here