စားရမှာလည်း သဲနှင့်ရှပ်ရှပ်၊ ပစ်ရမှာလည်းအဆီနှင့်ဝင်းဝင်း
ပုပ်ထဲသို့ကျသော ၀က်သားတုံးသည် စားရမည်ကလည်း သဲနှင့်ရှပ်ရှပ်ဖြစ်၍ စား၍မဖြစ်၊ လွှင့်ပစ်ရမှာလည်း အဆီနှင့်ဝင်းဝင်းဖြစ်၍ မပစ်ရက်ဖြစ်ရသည်ဟုဆိုလို သည်။ အကြပ်အတည်း နှစ်ခုကြား၊ နည်းလမ်းနှစ်သွယ်ကြား အဆုံးအဖြတ်နှစ်ရပ် အကြားတွင် တစ်ဖက်သို့မလိုက်သာဘဲ အခက်အခဲတွေ့ရသည့်အခါတွင် သုံးနှုန်း သည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။