စဖိုအုတ် ရွှေသုတ်၍စီ
နန်းဗိမာန်အတွက်မဟုတ်ဘဲ မီးဖိုပြုလုပ်မည့်အုတ်ကို မလိုအပ်ပဲ အမွှန်းတင်ကာ ရွှေမှုန်သုတ်၍ စီသည်ဟုဆိုလိုသည်။ ထိုက်တန်သည့်နေရာတွင် ထိုက်တန်သလို အမွှန်းတင်ခြင်းမဟုတ်ဘဲ မလိုအပ်သည့် တလွဲနေရာတွင် အမွှန်းတင်နေခြင်းမျိုးကို ရှုတ်ချ၍ဆိုသည်။