စစ်မရောက်ခင် မြားကုန်

စစ်ရောက်လာမှ မြားကို အသုံးပြု၍ ပစ်ခတ်ရန်ဖြစ်သော်လည်း ကြိုတင်၍ ပစ်ခတ်ဖြုန်းတီးနှင့်သဖြင့် စစ်မရောက်သေးမီမြားကုန်၍ နေသည်ဟုဆိုသည်။ အချိန် တန်မှ အားထုတ်အစွမ်းပြရမည်ဖြစ်လျက် ကြိုတင်၍ မလိုအပ်သောနေရာတွင် အစွမ်းပြ ထားနှင့်သဖြင့် တကယ်ဆောင်ရွက်တော့မည့်အခါတွင် အစွမ်းမပြနိုင်တော့ဘဲ ရှိခြင်းကို ဆိုလိုသည်။ မလိုအပ်သေးဘဲ အစွမ်းအားအင်မပြရန် သတိပေး၍ သုံးနှုန်း သည်။

1 Comment

  1. hlawin says:

    မှန်ပါသည်။ စကားပုံလေးက ကျွန်တော်အတွက် စံပြတစ်ခုပါ၊ ကျွန်တော် လေးစားတဲ့လူတစ်ယောက်က အမြဲပြောလေ့ရှိပါတယ်။ ကျွန်တော်ဟာ
    အမြဲပဲ ကြောက်စိတ်များတတ်၊ တွေဝေတတ်မှုများသူတစ်ယေက်ပါ။
    ဒီစကားပုံကြောင့် ကျွန်တော်ရဲ့စိတ်ဓာတ်တွေ ပိုပြီးခိုင်မာလာပါတယ်။
    အရာရာကို လုပ်ပြနိုင်စွမ်းရှိတယ်ဆိုပြီး လုပ်နေရုံဖြင့် အချိန်မကုန်စေချင်ပါဘူး
    တကယ့် ကိုယ့်လက်တွေ့အသုံးချရမယ့်ဘ၀ကို အသုံးချသင့်ပါတယ်
    ကိုယ့်လမ်းကြောင်း၊ ကိုယ့်ဘ၀အတွက် ပထမက ဘုရားသခင်။ ဒုတိယက
    မိမိကိုယ့်တိုင်ဆိုတာကိုလည်း သိစေချင်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း
    လောကကြီးက ဆန်းကြယ်နေတတ်ပါတယ်။ မိမိကိုယ်ကို အားကိုးကြိုးစားသင့်ပါတယ်။

Any suggestions? Please leave it here