စကားနောက် တရားပါ

စကားကို မထိန်းမချုပ်ပြောတတ်သောသူသည် စကားအနေနှင့်အမှတ်မဲ့ ပြော ဆိုသွားရာတွင် ထိုစကားထဲမှ အချို့သော စကားအချက်များသည် တရား တဘောင် အမှုအခင်းအတွက် အထောက်အထားသဲလွန်စရစရာ အချက်များဖြစ်နေ၍  တရားတဘောင်ဝင်သော စကားမျိုးဖြစ်နေရတတ်သည်ဟု ဆိုလိုသည်။ နှုတ်လွန်ခြင်း ကြောင့်ဖြစ်စေ၊ နှုတ်မစောင့်သောကြောင့်ဖြစ်စေ၊ နှုတ်ကတိထားမိခြင်းကြောင့်ဖြစ်စေ၊ အမှုအခင်းပေါ်လာနိုင်စရာရှိသောကြောင့် စကားနောက်မူခင်းပါတတ်သည်ဟု ဆိုလို ရင်းဖြစ်သည်။ စကားကိုရမ်းမပြောရန် တားမြစ်သတိပေးသော စကားဖြစ်သည်။

(စကားပြောရာမှ သံဝေဂရစရာ တရားဓမ္မပါရှိသည်ဟု ယူဆရလျှင် အသုံးနှင့် မဟပ်မိ။)

1 Comment

  1. nwaythukha says:

    စကား စကားပြောပါများ စကားထဲက ဇာတိပြ

Any suggestions? Please leave it here