ငရုတ်သီးထဲကပိုး၊ အစပ်မျိုးမကြောက်
ပူစပ်သော ငရုတ်သီးထဲတွင် ကြီးပွားအသက်ရှင်လာသော ပိုများသည် အခြားပိုး များကဲ့သို့ အပူအစပ်ကို မကြောက်တော့ဟု ဆိုလိုသည်။ ဒုက္ခ၊ အခက်အခဲ၊ အဆိုး အညစ်စသည်တို့ကို အခါများစွာ တွေ့ဆိုင်လာပြီးသော လူသည် အလားတူအခြေ အနေကို ထပ်၍ ရင်ဆိုင်ရငြားသော်လည်း ထူးခြား၍ တုန်လှုပ်ခြင်းရှိတော့မည်မဟုတ် ကြောင်း၊ အတွေ့အကြုံသည်ယဉ်ပါးခြင်း၊ ခံနိုင်ရည်ရှိခြင်းကို ဖြစ်စေကြောင်း တင်စား၍ သုံးသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။