ငိုချင်လျက် လက်တို့
ငိုချင်နေသောသူသည် အလိုလိုနေရင်း ငိုရန်အသင့်ဖြစ်နေရာ တစ်စုံတစ် ယောက်က လက်ဖြင့် ထိတို့ကျီစားသောအခါ ထိုထိတို့မှုမျှဖြင့် ငိုရလောက်အောင် ထိခိုက်ခြင်းမရှိစေကာမူ ငိုချင်နေသောဓာတ်ခံရှိပြီးဖြစ်သဖြင့် ထိတို့ခြင်းကို အကြောင်း ရှာ၍ ငိုချလိုက်တတ်သည်ဟု ဆိုလိုသည်။ ငိုချင်နေသူကိုမှ လက်သွားတို့မိမှားသည်ဟု ရည်ရွယ်၍ဆိုကြသည်။
မူလက အခြားအကြောင်းကြောင့် ဖြစ်ပျက်မှုတို့တွင် နောက်ဖြစ်လာသော ပယောဂပေါ်၌ စုပုံအကြောင်းရှာတတ်သည့်အခါတွင် သုံးနှုန်းသည်။ အကြောင်းအခွင့် အပြစ်ရှာနေသူဓားစာခံလိုနေသူအား သတိထား၍ ဆက်ဆံရန် ညွှန်ပြသုံးနှုန်းသေး သည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။