ငါးရိုးမျက် လက်တို
လည်ချောင်းတွင်း၍ ငါးအရိုးမျက်နေသူသည် အရိုးကို လက်ချောင်းဖြင့် ကော်ထုတ်လိုပါသော်လည်း လက်ချောင်းက တိုနေသဖြင့် မမီမကမ်းဖြစ်နေသည်ဟု ဆိုလိုသည်။ ကိစ္စတစ်ခုခုတွင် မမီမကမ်း၊ မပြီးမပြတ်၊ မလှမ်းမမီ၊ အကြပ်အတည်းဖြစ် နေသည့်အခါတွင် သုံးနှုန်းသည်။