ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည်
ငါးကြင်းသည် ဆူဖြိုး၍ အဆီများသဖြင့် ငါးကြင်းမှပါသော အဆီနှင့်ပင် ငါးကြင်းကို ကြော်သည်ဟု ဆိုလိုသည်။ မိမိက စိုက်ထုတ်ကုန်ကျခြင်းမရှိဘဲ သူတစ်ပါး ပစ္စည်းဥစ္စာဖြင့် သူတစ်ပါးကို ကျွေးမွေးပြုစုခြင်း၊ မပင်မပန်းရသော ပစ္စည်းကို ပြန်၍ပေး ဖြန့်ခြင်း၊ အမြတ်ဖြင့် ပြန်၍စိုက်ထုတ်ရင်းနှီးခြင်း စသည်တို့တွင် တင်စား၍ သုံးသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။