ငါးပွက်ရာ ငါးစာချ

ငါးမျှားသည့်အခါတွင် တစ်နေရာရာ၌ ငါးစာကိုချ၍ ငါးကိုမစောင့်ဘဲ ငါးပွတ် သည့်နေရာတိုင်းသို့လိုက်၍ ငါးစာချနေသဖြင့် ငါးစာသာကုန်၍ ငါးကိုဟုတ်ဟုတ်ငြား ငြားမဖမ်းမိဘဲ ရှိသည်ဟုဆိုလိုသည်။ အလုပ်တစ်ခုခု၊ ပညာတစ်ရပ်ရပ်ကို ဇောက်ချ၍ မကြိုးပမ်းဘဲ ကျရာကြုံရာ အပြန့်အနှံ့ အာရုံများပြားသဖြင့် မည်မည်ရရ တိုးတက် အောင်မြင်ခြင်းမရှိနိုင်ကြောင်းကို ခိုင်းနှိုင်း၍ ဆိုသည်။

Any suggestions? Please leave it here