ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်

ရေစပ်နားတွင် ပေါက်သော ဗုံလုံပင်မှ အသီးကလေးများသည် ရေပေါ်သို့ကြွေ ကျရာမှ ငါးဟပ်၍ ရေရိုက်ခတ်သဖြင့် ရေအောက်သို့ မြုပ်သွားရာမှ ရေပေါ်သို့ တစ်ဖန် ပြန်ပေါ်လိုက်၊ ငါးပျံကတစ်လှည့်၊ ခုန်မြောက်ဟပ်လိုက်နှင့် ဗုံလုံသီးနှင့် ငါးပျံတစ်လှည့်စီ မြုပ်ချည်ပေါ်ချည် ဖြစ်နေသည်ဟု ဆိုလိုသည်။

အမြဲတသမတ်တည်း မတည်တံ့ဘဲ နိမ့်ချည်၊ မြင့်ချည်၊ ကျချည်၊ တက်ချည် အခိုက်အလှည့်ရှိသော လောကဓံသဘောကို ဖော်ပြသုံးနှုန်းသည်။
(ဗုံလုံမှာ ပဲလင်းမြွေသီးခေါ် ဗုံလုံသီးမျိုးမဟုတ်ချေ။)

Any suggestions? Please leave it here