ငါးပိဖြစ်ပြီးမှ အမြီးမနှံ့ချင်နှင့်တော့

ငါးသည်သေရုံသာမက ဆားနှင့်သိပ်နယ်ထောင်းထုခံရ၍ ငါးပိဖြစ်ပြီးသည့် နောက်တွင် မည်သည့်နည်းနှင့်မျှ လှုပ်ရှားနိုင်တော့မည်မဟုတ်သဖြင့် အမြီးနှံ့၍မရသည့် အတိုင်းမရနိုင်သည်ကို မပြုလုပ်ပါနှင့်တော့ဟု ဆိုလိုသည်။ မလွန်ဆန်နိုင်အောင် အရှုံး အညံ့ခံရပြီးသည့်နောက်တွင်မှ အချည်းနှီး မလွန်ဆန်နိုင်ရန် သတိပေးသုံးနှုန်းသည်။ ရှေးဦးက အောင်မြင်အောင် မကြိုးစားဘဲ အရေးနိမ့်ပြီးမှ အောင်မြင်ရန် မျှော်လင့်ခြင်း မျိုးကိုလည်း တားမြစ်ပြောဆိုသည်။

Any suggestions? Please leave it here