ငါးပိရှိအကောင်ကောင်၊ အစရှိအနောင်နောင်

ငါးပိရှိလျှင် ငါးပိတွင် လောက်ကောင်များ ပေါက်ပွားလာတတ်မြဲဖြစ်သကဲ့သို့ တစ်စုံတစ်ရာကို လုပ်ရဲကိုင်ရဲ အစရှိလာလျှင် နောင်ကိုလည်း ထိုအစရှိဖူးသည့်အတိုင်း ထပ်ခါထပ်ခါ အတင့်ရဲလာတတ်ခြင်းရှိမြဲဖြစ်သည်ဟု ဆိုလိုသည်။ ငါးပိမရှိလျှင် လောက်ကောင်များ မရှိနိုင်သကဲ့သို့ အစမရှိလျှင်လည်း နောင်ထပ်ဆင့်ခြင်းမျိုး မရှိနိုင် ဟုဆိုလိုသည်။ တစ်စုံတစ်ခုဖြစ်လာခြင်းသည် အကြောင်းရင်းအစရှိ၍သာ ဖြစ်ရသည်။ အကြောင်းမရှိဘဲ အကျိုးဖြစ်မလာနိုင်၊ အစမရှိဘဲ အဆက်မရှိနိုင်ဟူသော သဘောကို ခိုင်းနှိုင်းသုံးသည်။

Any suggestions? Please leave it here