ငါးပိဖုတ်မျက်နှာပေး၊ ရွှေရေးပန်းကန်တက်သည်
ထမင်းပွဲတွင် ပဓာနဟင်းမည်မဟုတ်ဘဲ အရံအဖြည့်တန်ဖိုးနည်းပါးသော ငါးပိဖုတ်ကို အရေးတယူအမွှမ်းတင်ကာ ဟင်းကောင်း၊ဟင်းလျာထည့် အနာ ရွှေရေးနှင့် ပန်းကန်ထဲတွင် ထည့်ထားသည်မှာ မတန်မရာဖြစ်လှသည်ဟု ဆိုလိုသည်။ အခွင့် အရေးပေးလွန်း မြှောက်စားလွန်းက မတန်မရာပို၍နေရာယူတက်၊ မောက်ကြွတတ်သည်ဟု တင်စားဆိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။