ငါးတုလို့ ခရုပွတ်အိုင်ပျက်
ငါးပွတ်သကဲ့သို့ ခရုကလိုက်၍ ပွတ်သောအခါ ငါးပွတ်သည်အထင်နှင့် ရေပက်၍ ငါးရှာခြင်းကြောင့် အိုင်ပါပျက်စီးရသည်ဟုဆိုလိုသည်။ မိမိဓလေ့စရိုက်နှင့် လျော်ညီသော အပြုအမူထက် ပိုလွန်အားထုတ်ခြင်းဖြင့် ပျက်စီးရသည်ဟု ဆိုလိုသည်။

ဤ စကားပုံတွင် ငါးပွတ်သည်၊ ခရုပွတ်သည် ဆိုသော အသုံးအနှုန်းများကို နားမလည်ပဲဖြစ်နေပါသည်။ ငါးပွက်သည်ဟုသာ ကြားဘူးပါသည်၊ “အိုင်ပျက်” နှင့်လည်း ကာရန်ကိုက်ပါသည်။ ပြန်လည် စိစစ်ပေးပါ၊ အကယ်၍ စာလုံးပေါင်းမှားခြင်း မဟုတ်ပါက၊ ငါးပွတ်သည်၊ ခရုပွတ်သည် ဆိုသည့် ဝေါဟာရ၏ အဓိပ္ပါယ်ကို ကျေးဇူးပြု၍ ရှင်းပြပေးစေလိုပါသည်။
# ဖားတုလို့ ခရုခုန်။