ငါးစိမ်းမြင် ငါးကင်ပစ်
ငါးစိမ်းမရရှိသောအခါ ငါးကင်ကိုပင် အမြတ်တနိုး ဟင်းမည်ကောင်းအဖြစ် အသုံးပြုနေရပြီး ငါးစိမ်းရသောအခါတွင်ကား အမျိုးမျိုး ချက်ပြုတ်ကြော်လှော်နိုင်သဖြင့် ငါးကင်ကို မမက်မောတော့ဘဲ စွန့်ပစ်လိုက်သည်ဟု ဆိုလိုသည်။ အသစ်အဆန်းကို တွေ့မြင်ရသောအခါ အဟောင်းကို ခွာကန်စွန့်ပစ်သည်ကို ရှုတ်ချသုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
တခြုံကွယ် တမယ်မေ့ နဲ့ နီးစပ်ပါတယ်။
ရေထဲက ငါးအစိမ်းကိုမြင်လို့ လက်ထဲက ငါးကင်ကို စွန့်ပစ်ပြီး သွားဖမ်းတာ ငါးအစိမ်းလဲမရ၊ ငါးကင်လဲ ဆုံး ဆိုတဲ့ သဘောနဲ့လည်း ပြောလေ့ရှိကြပါတယ်။
ချောင်းကိုပစ်လို့ မြစ်ကိုရှာ၊ ရေသာများ၍ ငါးမတွေ့
အဟောင်းကိုပစ်လို့ အသစ်ကိုရှာ၊ ခြေရာများ၍ ကြားမစေ့ … ဆိုတဲ့ ကျည်းကန်ရှင်ကြီးမေတ္တာစာနဲ့လည်း နီးစပ်ပါတယ်။
ဒီသဘောဆိုရင်တော့ ဖွတ်မရ၊ ဓားမဆုံး နဲ့လည်း သဘောချင်း တူပါတယ်။