ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်
လှေဖြင့် တင်လာသော ငါးများထဲတွင် သေ၍ပုပ်နေသော ငါးခုံးမလေးကို ဖယ်ရှားမပစ်မိသောကြောင့် ငါးပုပ်နံ့ပျံ့လှိုင်၍ တစ်လှေလုံးရှိ ငါးများပုပ်ကုန်သကဲ့သို့ မှတ်ထင်ရသည်ဟု ဆိုလိုသည်။ အသေးအဖွဲ့ တစ်စုံတစ်ရာ တစ်စုံတစ်ယောက် ကြောင့် သက်ဆိုင်သူအများ၏ ဂုဏ်သတင်းကို သေးသိမ်ယုတ်လျော့ ထိပါးစေသည့် အခါတွင် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။