ဂါထာလူတိုင်းပေး တေးဖြစ်သည်
အစွမ်းအာနိသင် ထက်မြတ်သောဂါထာကို နေရာဌာနအားလျော်စွာ စည်းစနစ်တကျ ရွတ်ဆိုရန် ပေးခြင်းမဟုတ်ဘဲ လူအားလုံးကို ဖြန့်ပေးခြင်းဖြင့် စနစ်တကျမသုံးတတ်သူ များက သီဆိုရွတ်ဖတ်ချင်သလို ရွတ်ဖတ်ခြင်းဖြင့် ဂါထာက တေးသီချင်းဖြစ်၍ သွားရ သည်ဟုဆိုလိုသည်။ နေရာဌာနအားလျော်စွာ တန်ဖိုးထား၍ အသုံးချရန်ညွှန်ပြသတိ ပေးခြင်းဖြစ်သည်။ မည်သည့်အရာကိုမဆို အရာဌာနအလျောက် သင့်ရာချိန်ဆသုံးစွဲ မှလည်း အဖိုးထိုက်တန်နိုင်သည်ဟုဆိုလိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
(3 votes, average: 4.00 out of 5)
မူကွဲက “ဂါထာပေး၊ တေးဖြစ်” ပါ။ အဓိပ္ပာယ် အတူတူပါပဲ
I like this !!!!!!
ကျမ က ဂါထာပေး တေးဖြစ် ပဲကြားဖူးတာ…
ဂါထာပေး တေးဖြစ် လို့ပဲကြားဖူးတယ်ဗျာ