ခွေးရူးကောင်းစား တစ်မွန်းတည့်

ခွေးရူးသည် စိတ်ဖောက်ပြန်သဖြင့် လူများကို လိုက်လံကိုက်ရာအားလုံး ထွက်ပြေး တိမ်းရှောင် ကြရသည်တွင် တစ်ကောင်တည်းမင်းမူနိုင်သကဲ့သို့ရှိသော်လည်း တစ်မွန်း တည့်အချိန်မျှသာ ကြာ၍ လူအများက တုတ်၊ လှံ၊ အုတ်ခဲတို့ဖြင့် ၀ိုင်းရံပစ်ပေါက်နှိမ်နင်းကြသဖြင့် သေဆုံးရ သည်ဟု ဆိုလိုသည်။ အရည်အစွမ်းမရှိဘဲ မောက်မာသူသည် ခေတ္တခဏ အခိုက်အတန့်မျှသာ မော်မောက်နိုင်၍ နောက်များမကြာမီ ဇာတိရုပ်ပေါ်၍ ပျက်စီးရမြဲဖြစ်သည်ဟု ဆိုလိုသည်။

1 Comment

  1. saw pyae says:

    အရမ်းကောင်းပါတယ်.

Any suggestions? Please leave it here