ခွေးမြီးကောက် ကျည်တောက်စွပ်
ကောက်နေသောခွေး၏ အမြီးကို ဖြောင့်စေရန် ကျည်တောက်စွပ်ပေးထားသော်လည်း ကျည် တောက်ချွတ်လိုက်သောအခါ အကောက်သည် မဖြောင့်ဘဲ ကောက်မြဲကောက် နေသည်ဟု ဆိုလိုသည်။ ပြုပြင်၍မရသောအရာကို မည်သို့ပင် ကြိုးစားပြုပြင်စေကာမူ ပြုပြင်၍ ရနိုင်ခဲသည် ဖြစ်သောကြောင့် အချည်းနှီးဖြစ်ရသည်ဟု ဆိုလိုသည်။ ဆိုနိုင် ခက်ခဲ ပြုပြင်ရခက်ခဲသော သူများကို ရှုတ်ချ၍ဆိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
ပြုပြင်၍ ရနိုင်ခဲသည် ဖြစ်သောကြောင့် အချည်းနှီးဖြစ်ရသည်ဟု ဆင့်ပွါးအနက်များအထိ မဆိုလိုပါ။
လူအချို့သည် မကောင်းသောအမူအကျင့် ဓလေ့စရိုက်တစ်ခုခုအား (အကြောင်းတစ်ခုခုကြောင့်) အခိုက်အတန့်အားဖြင့်သာ ကင်းကင်းရှင်းရှင်းဖြစ်အောင် စောင့်ထိန်းနိုင်စွမ်းရှိပြီး (အဆိုပါအကြောင်းအပေါ် အလေးမူစိတ် မရှိတော့သည့်နောက်တွင်) မူလဖြစ်မြဲအတိုင်း ကျင့်သုံးနေထိုင်လေ့ရှိတတ်ပေသည်၊ ထိုသို့သော သူများ၏ သဘောသဘာဝ စရိုက်ကို သိသာပေါ်လွင်အောင် ခွေးမြီးကောက်အား ကျည်တောက်စွပ်ထားဆဲ အခိုက်အတန့်သာ ဖြောင့်စေနိုင်ပြီး အစဉ်ဖြောင့်အောင် မတတ်နိုင်ပုံ (ခက်ခဲပုံ)ဖြင့် နိုင်းယှဉ်
ဥပမာပေးလိုရင်းသာ အဓိက ဖြစ်သည်။