ခွေးလှေးခုန်၍ ဖုန်မထ
အထုအထည်နှင့် အလေးချိန်နည်းပါးသေးငယ်သော ခွေးလှေး၊ ခွေးသန်းတစ်ကောင် သည် မည်မျှပင် ခုန်စေကာမူ ဖုန်တထောင်းထောင်း ထနိုင်စရာအကြောင်းမရှိဟုဆိုလို သည်။ စွမ်းပကားအင်အားနည်းပါး၍ အရေးမပြုလောက်သောသူကို အရေးထားဖွယ်ရာ မရှိဟု ဆိုလိုသည့်အခါတွင် သုံးသည်။ တစ်ဖက်သား၏ အင်အားကိုအထင်သေးနှိမ့်ချ ပြောဆိုလိုသောအခါ ပမာထားလောက်သည့် ခွေလှေးနှင့် နှိုင်း၍သုံးသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
ဖားတုလို့ ခရုခုန် အိုင်ပျက်ယုံသာရှိသေး