ခွေးအိုကြီး လက်ပေးသင်
မှတ်ဉာဏ်ထုံထိုင်း၍ အလေ့အကျင့်ကင်းနေခဲ့သော ခွေးအိုကြီးအားလက်ပေးသင်သည် ဟု ဆိုလိုသည်။ ပျိုရွယ်သော ခွေးငယ်ကလေးများကို သင်ကြားလျှင် တတ်မြောက်နိုင် သော်လည်း အချိန်လွန်သော ခွေးအိုကြီးကို သင်ကြားခြင်းဖြင့် တတ်မြောက်ရန်လည်း မလွယ်။ အသုံးချရန်လည်း အချိန်သိပ်မကျန်တော့သဖြင့် အကျိုးရှိသင့်သလောက်မရှိ ဟုဆိုလိုသည်။ အချိန်အခါလွန်မှ သင်ကြားခြင်း၊ ဆောင်ရွက်ခြင်းတို့ကို ရှုတ်ချ၍ဆိုလို သည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
ခွေးကြီးမှ လက်ပေးသင် ဆိုတဲ့ မူကွဲရှိပါတယ်။ အဓိပ္ပာယ် အတူတူပါပဲ
[...] အရီးတော်သည် ၀မရှိဘဲ ၀ိလုပ်သည် ခွေးအိုကြီး လက်ပေးသင် ခွေးရူးကောင်းစား တစ်မွန်းတည့် [...]
ခွေးလေးအရောဝင်၊ပါးရယ့် နားရယ့် ဆိုတဲ့စကားပုံလေးပါထည့်ပေးပါ။အလည်လာသူတွေအတွက်ဗဟုသုတပေါ့။