ချေးခြောက်ရေနှူးသည်

အနံ့အသက်ပျောက်၍ သွေ့ခြောက်နေသော ချေးကိုပြန်၍ နံစော်အောင် ရေနှင့်နှူး သည်ဟု ဆိုလိုသည်။ ပြီးပြတ်ပြီးကိစ္စ၊ ဟောင်းဆွေးပြီး အကြောင်းအရာ၊ လွန်ပြီး အဖြစ် အပျက်တို့ကို အကြောင်းမဲ့ပြန်၍ ထပ်ဖော်ကာ ပူပန်ဆင်းရဲဖြစ်နေခြင်း၊ ဒေါသ ရန်မီးတောက် နေခြင်းစသည်တို့ကို  အပြစ်တင်၍ဆိုသည်။ အလိုအလျောက်ပြီးငြိမ်းပြီး ကိစ္စကို ပြန်ဖော်ခြင်း မှာ အကျိုးမဲ့ကြောင်းဖော်ပြသည်။ လွန်ပြီးကိစ္စကို လွန်စေတော့ဟု ဆိုလိုသည်။

2 Comments

  1. Khin Oo says:

    အခုရေတွင်းတူး၊အခုရေကြည်သောက်လို့မရဘူး

    ကျေးဇူးပြုပြီးအဲဒါလေး၊အင်္ဂလိပ်လိုပြန်ပေးပါရန်မေတ္တာရပ်ခံပါရစေ

    • Nelson says:

      အခုရေတွင်းတူး၊အခုရေကြည်သောက်လို့မရဘူး ဆိုတာ ကို တိုက်ရိုက်မပြန်တတ်ဘူးဗျ.. ဒါပေမယ့်
      အဓိပ္ပာယ်တူတဲ့ အင်္ဂလိပ်စကားပုံတော့ရှိပါတယ်..

      Rome was not built in a day.

      Meaning
      This idiom means that many things cannot be done instantly, and require time and patience.

Any suggestions? Please leave it here