ခရီးသွားဟန်လွှဲ

ခရီးသွားသောအခါ ခရီးရောက်စေရန် ခြေက လှုပ်ရှားရသည်ဖြစ်သော်လည်း ခြေလှမ်း ရာတွင် လက်ကပါ အလိုက်သင့်ဟန်လွှဲလျက်ပါသဖြင့် ခရီးသွားခြင်းဖြင့် အလိုအလျာက် ဟန်လွှဲခြင်းပါ တစ်ပါးတည်း ပြီးစီးစေသည်ဟု ဆိုလိုသည်။ တစ်စုံ တစ်ရာပြုလုပ်ရာတွင် အခြားအလုပ်ပါ အကျုံးဝင်ပြီးစီးသည့်အခါမျိုးတွင် သုံးနှုန်းသည်။

Any suggestions? Please leave it here