ခတ်ကွင်းပြင်တာနှင့်ရွာသစ်ကြီးရောက်

သမ္ဗာန်ခတ်ရာတွင် ခတ်တက်နှင့် ချည်တုပ်ထားသော ကြိုးကွင်းကို အသင့်ပြု ကွပ်မထားသဖြင့် သမ္ဗန်ရေဆန်ခတ်သွားစဉ်တွင် ခတ်ကွင်းပြတ်သောအခါမှ အသစ် ပြင်၍ ပြုလုပ်နေသောအခါ သမ္ဗန်သည် ဧရာဝတီမြစ် စစ်ကိုင်းဆိပ်မှ ရေစီးရာမျောပါ၍ အောက်ဘက် ရွာသစ်ကြီးသို့ ရောက်ရသည်ဟု  ဆိုလိုသည်။ ပြင်ဆင်မှုကို လိုသည်ထက်ပို၍ချဲ့ထွင် နှောင့်နှေးစွာ ပြုလုပ်နေခြင်းအားဖြင့် တကယ်ဆောင်ရွက်လုပ်ကိုင် ရမည့်အချိန်တွင် ဖင့်နှေး နောက်ကျ၍ နေတတ်သည်ဟုဆိုလိုသည်။

Any suggestions? Please leave it here