ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း
ဆွေတမျှ ခင်မင်ရင်းနှီးသောသူသည် ဆွေမျိုးပင် မတော်သော်လည်း ဆွေမျိုး ဖြစ်နှင့် အသိအမှတ်ပြုဖွယ်ရာ ကောင်းသည်။ အမြိန်အမြတ် စားသောက်ဖွယ်ရာ ဟင်းလျာမဟုတ် သော်ငြားလည်း ခံတွင်းနှုတ်မြိန်ခဲ့လျှင် ဟင်းကောင်းဟူ၍ ယူဆနိုင်သည်ဟု ဆိုလိုသည်။ အကျိုးတရားသည် အကြောင်းတရားကို အထောက်အပံ့ပြုသည်။ ဆွေမျိုးတိုင်းသည် ခင်မင်တတ်သည်မဟုတ်၊ ဟင်းတိုင်းလည်းနှုတ်မမြိန်၊ ဆွေ မျိုးဟူသည် နှုတ်မြိန်မှုဖြင့်သာ အကဲဖြတ်အပ်သည်ဟုဆိုသည်။ အကျိုးအားဖြင့် အခန့် သင့်သောအရာသည် အကောင်းဟု မှတ်ယူနိုင်ကြောင်း တင်စားဆိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
ကိုယ်ထင် ကုတင်ရွှေနန်း …