ကြွက်မနိုင် ကျီမီးနှင့်ရှို့

ကျီတွင်နေသော ကြွက်များကို နှိမ်နင်းမနိုင်သည်နှင့် ကြွက်များ ပျက်စီးစေလို သဖြင့် ကျီတစ်ခုလုံးကို မီးနှင့်ရှို့သည်ဟု ဆိုလိုသည်။ သက်ဆိုင်သူအားလျှင် ထိခိုက် နစ်နာစေမည်မဟုတ်မှန်း အသိုင်းအ၀ိုင်းအားလုံးကို သိမ်းကြုံးထိပါးအောင် ပြုလုပ်သည့် အခါတွင်လည်းကောင်း၊ မိမိရည်ညွှန်းသူအား ရန်တုံ့မူရန် ပြုလုပ်သည့်အခါ လက်စား ချေလိုစိတ် ပြင်းပြသည်နှင့် အခြားမသက်ဆိုင်သူများကိုပါ သိမ်းရုံး၍ အန္တရာယ်ပြုခြင်း မျိုးကိုလည်းကောင်း တင်စား၍ သုံးသည်။ အသေးအဖွဲ ကြွက်တစ်ကောင်အမှုမျှနှင့် ကျီတစ်ခုလုံးကို ဆုံးရှုံးပျက်စီးစေသည်ဟု ဆိုလိုသည်။

1 Comment

  1. snow says:

    မစားရတဲ.အမဲသဲနဲ.ပက်…….

Any suggestions? Please leave it here