ကြံကို ကြောက် လှည်းအောက် မအိပ်နှင့်
အရာရာကို ကြောက်စရာဟူ၍ ကြံဖန်တွေးတောကာ ကြောက်တတ်သောသူ သည် လှည်း၏အောက်၌ပင် အိပ်၍ လုံခြုံနိုင်မည်ဟုတ်ဟု ဆိုလိုသည်။
လှည်းသည်ပင် အဆင်မသင့်သော် ဒေါက်ပြုတ်၍ ဦးပြိုကျနိုင်ပေသည်။ ကြောက်တတ်သောသူအဖို့ ကြောက်စရာတွေးလျှင် ကြောက်စရာကြီးသာ တွေ့ရမြင် နိုင်သည်။ မကြောက်သင့်သောအရာကိုပါ အတွေးနှင့်တွက်ဆ၍ ကြောက်မနေသင့်ဟု ပုံခိုင်း၍ သုံးသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
ကြံကြောက် လှည်းအောက် ၀င်…….
“ကို” တစ်လုံးပိုနေတယ်လို့ထင်ပါတယ်။
ကြားဖူးတာကအပေါ်မှာရေးထားသလိုပါ၊
“ကြံကြောက်”ဆိုတာရဲ့အဓိပ္ပါယ်က
စိတ်ထဲမှာ ကြံဖန်တွေး ပြီးကြောက်နေတယ်လို့ဆိုလိုတာပါ။
အခုရေးထားတာက၊စားတဲ့ ကြံချောင်းကိုကြောက်တယ်ဆိုတဲ့အဓိပ္ပါယ်သက်ရောက်နေတယ်လို့
ထင်ပါတယ်။