ကြံကို အရင်း ဆန်ကို ဆန်ရင်း လူကို လူရင်း
ကြံသည် အရင်းဘက်ကသာ ပို၍ အရသာလေးပင်သည်။ ဆန်မှာ ဆန်ရင်း ကသာ အဆီအနှစ်ပြည့်ဝသည်။ ထိုနည်းအတူပင် လူမှာလည်း သွေးသားရင်းချာ သူသာလျှင် ပို၍ မှီခိုအားထားရသည်ဟု ဆိုလိုသည်။
ကြံ၏အဖျားသည် အရသာပေါ့၍ ပယ်သကဲ့သို့ ဆန်ကွဲသည် အရသာ မလေးနက်၍ ပယ်သကဲ့သို့ သွေးစိမ်းသူကိုလည်း စိတ်မချ၍ မယုံမကြည် ပယ်သင့် သည်ဟု ဆိုလိုရာရောက်သည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။