ကြာကြာဝါးမှ ခါးမှန်းသိ
အခါးပါသော အချို့အစားအစာတို့ကို ကြာရှည်ဝါး၍ စားသောအခါမှ အခါး အရသာပါမှန်း သိမြင်လာသည်ဟု ဆိုလိုသည်။
လူတို့၏သဘာဝသည် အပေါ်ယံဟန်ဆောင်မှုရှိတတ်၍ ထိုဟန်ဆောင်မှုသည် အမြဲတစေ နဂိုဗီဇကို ဖုန်းကွယ်နိုင်စွမ်းမရှိတတ်ပေ။ စိတ်တိုသူက စိတ်ရှည်ဟန်ဆောင် သော်လည်း ကြာသော် စိတ်တိုသောအသွင် ပေါ်လာနိုင်သည်။ ထို့ကြောင့် ခေတ္တခဏ ဆက်ဆံသည်ထက် ကြာရှည်လေးမြင့် ဆက်ဆံလာသောအခါတွင် အတွင်းသဘောမှန် ကို ရိပ်စားသိမြင်လာ၍ အချိန်ကြာလေလေ အတွင်းသဘော သိမြင်လာလေလေဖြစ် သည်။ ထိုအခါမျိုးတွင် ခဏ၀ါးရုံနှင့် ခါးမှန်းမသိ။ ကြာကြာဝါးမှ ခါးမှန်းသိသည်ဟု ပုံခိုင်း ပြောကြသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
(1 votes, average: 4.00 out of 5)
Yes, i like this proverbs coz, it touches me a lot being the time of my society.
thanks
very good. I like its
ဂျောက်ဂျက်ထည့်သုံးထားတယ်လေ…
သူ့သီချင်းထဲမှာ…။