ကြာရှည်ဝါးမည့်သွား အရိုးကြည့်ရှောင်
တစ်သက်ပတ်လုံး စားသောက်ရာ၌ ကြိတ်ဝါးအသုံးချရမည့် မိမိသွားများသည် မာသောအရိုးကို ၀ါးမိခြင်းဖြင့် ကျိုးပဲ့မည့်အန္တရာယ်ကို ရှောင်ရှားရမည်ဟု ဆိုလိုသည်။
ဘ၀သည် လူတို့အတွက် အမွန်မြတ်ဆုံးသော အခွင့်အရေးဖြစ်၍ ဘ၀သက်ဆုံး အသက်ရှင်နေနိုင်ရန်အတွက် အသက်နှင့်ကိုယ် စိတ်ချမ်းသာမှုကို အန္တရာယ်ဖြစ်စေ မည့် အတားအဆီး အခက်အခဲများကို လွတ်ကင်းအောင် ရှောင်ကြရသည်။ သို့မဟုတ် ပါက အသက်တမ်းးမဆုံးမီ ခရီးအဆစ်အပိုင်းတွင် ဘေးဒုက္ခများ ကြုံတွေ့ရတတ်ပေ သည်။ ထို့ကြောင့် ခေတ္တခဏ အကျိုးငှာသာမဟုတ်ဘဲ ရေရှည်မျှော်မှန်းသော ကိစ္စများ တွင်ပါ ရည်မှန်းသော လမ်းဆုံးသို့ရောက်အောင် အန္တရာယ်ကို ရှောင်ရှားရမည်ဟု ပုံခိုင်းဆိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
