ကြောက်သည်ဆိုလေ ကြောင်နှင့်တို့လေ
ကြောက်ပါသည်ဟု ဆိုထားလေပြီးမှ ထပ်မံ၍ ကြောင်နှင့်တို့နေသည်ဟု ဆိုလို သည်။ တစ်ဖက်သားက အရှုံးပေးဝန်ခံထားပါလျက် ထပ်မံ၍ဖိစီးနှိပ်စက်ခြင်းပြုသည် ဖြစ်စေ၊ သူတစ်ပါး ရွံရှာမုန်းတီးသည်ကိုမှ လွန်ဆန်၍ ဇွတ်ထိုးပြုသည်ဖြစ်စေ၊ ထပ်ဆင့် ကဲလွန်ကဲသော အပြစ်အမှုကိုရှုတ်ချ၍ဆိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
မန်းလေ ပြဲလေ ပြောလေ ဆိုးလေ