ကျောချမှ ဓားပြမှန်းသိ

အိမ်ပေါ်တက်လာသူကို ဧည့်ကောင်းဟုပင် ထင်မှတ်နေရာမှ တက်လာသူက အိမ်ရှင်၏ကျောကိုချ၍ ငွေတောင်းသည်တွင်မှ ဓားပြမှန်းသိရတော့၍ အကူအညီ တောင်းရန် နောက်ကျပြီး ဓားပြတိုက်ခံလိုက်ရသည်ဟု ဆိုလိုသည်။

အမှားသို့မဟုတ် အန္တရာယ်ကို ပြုပြင်တားဆီး၍ မရလောက်အောင် နောက်ကျ ပြီးသည့် နောက်မှ သိမြင်နားလည်ခြင်းမှာ ထိခိုက်နစ်နာစေသည်သာ ဖြစ်သည်။ ထိုသို့ အသိနောက် ကျခြင်း၊ အန္တရာယ်ကို ဆိုက်ရောက်လာမှ သတိပြုမိခြင်း စသည်တို့မှာ ကြိုတင်ဆင်ခြင် သိမြင်လျက် မသိမြင်ခြင်း၏ အပြစ်ဖြစ်ကြောင်းကို အပြစ်တင်သော အားဖြင့် သုံးနှုန်းသည်။

2 Comments

  1. thukakarme says:

    ခေါင်းကို တင်းပုတ်နဲ့ထုမှ ဓမြမှန်းသိ

  2. kmww says:

    ဒိတ်ချမှ ဓားမြမှန်းသိ

Any suggestions? Please leave it here