ကောင်းမှန်းသိ သာအိ တစွပ်စွပ်

အကောင်းအဆိုးမသိမီက မမက်မောသော်လည်း ကောင်းမှန်းသိလာသောအခါ ကြိုက် သည်ထက် ကြိုက်၍ ပိုမိုလွန်ကဲ တပ်မက်သည်ကို ဆိုလိုသည်။

သာအိ အမည်ရှိသော သူငယ်သည် မူလက ၀က်သားကို မကြိုက်ချေ။ သို့ရာတွင် အမှတ်မထင် ၀က်သားကို စားမိ၍ အရသာကို ကြိုက်နှစ်သက်လှသဖြင့်  အိုးကို ခဏခဏ ဖွင့်ကာ စွပ်ကယ်စွပ်ကယ် သာအိတစွပ်စွပ်ဟူ၍ ပုံခိုင်းဆိုသည်။ ယခုသော် ကောင်းမှန်းသိ သာအိ တစိုစိုဟူ၍ ဆိုနေကြသည်။

အခွင့်အရေးရမှန်းသိလျှင် ပို၍ပို၍ ထပ်တလဲလဲ ရချင်တတ်သောသူများအား ရှုတ်ချ၍ ဆိုသည်။ အခွင့်အရေးဟူသည် ရသင့်ယူသင့်သလောက်သာ ယူအပ်သည်။ ရလေတိုင်း အခါခါယူလျှင် လူရွံမုန်းစရာသာ ဖြစ်မည်။ မည်သည့်အရာကိုမဆို အလိုကို လိုက်မှား၍ စိတ်အလိုကို မထိန်းသိမ်းဘဲ အကျူးအလွန် အပိုအမိုမပြုမူ မကျူးလွန်အပ် ကြောင်းကို ပုံခိုင်း၍ ဆိုသည်။

ဤစကားပုံမျိုးတွင် နေ့ရက်၊ နေရာ၊ ၀တ္ထုအကြောင်း တိတိကျကျ အမှတ် အသား အကြွင်းကျန်ခဲ့ချေ။ စကားပုံ၌ ကျန်ခဲ့သော ဇာတ်ကြောင်းသဘောကို ထောက်ဆပြန်လှန်၍ ဖြစ်သင့်ဖြစ်အံ့နိုးသော နောက်ခံအကြောင်းကို ဖော်ယူ၍ သိသာအောင် ပုံဆောင်ရှင်းပြခြင်းဖြစ်ရာ စကားပုံရင်းမြစ် ပုံပြင်များကို ကြံဆရာ၌ ဒဏ္ဍာရီ၊ နိပါတ်၊ ရာဇ၀င် အထောက်အထားမရှိရာ၌ ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦး ပုံဆောင် ပုံချင်း ကွဲပြားချင်သလောက် ကွဲပြားဖွယ်ရှိသည်။ မည်သို့ပင်ဖြစ်စေ အဓိပ္ပာယ်ရင်းကား တူညီကြမည်သာ ဖြစ်ပေသည်။

Any suggestions? Please leave it here