ကောက်ညင်းက မစေး။ ဆန်ကြမ်းက စေးသည်

သဘာဝထုံးတမ်းအတိုင်းဆိုပါမူ ကောက်ညင်းသည် စေးသောဆန်မျိုးဖြစ်၍ ဆန်ကြမ်း သည် စေးကပ်ခြင်းမရှိပေ။ သို့ဖြစ်ပါလျက် ကောက်ညင်းက စေးရမည်ကို ဆန်ကြမ်းက စေးနေ သည်ဟုဆိုလိုသည်။ ဖြစ်သင့်သောအရာက မဖြစ်ဘဲ မဖြစ်သင့်သောအရာက ဖြစ်နေသည့် အခါ သဘာဝပြောင်းလဲသည့်သဘောဖြင့် ပုံခိုင်း၍ပြောသည်။ စင်စစ်အားဖြင့် ဆန်ကြမ်းသည် ကောက်ညင်းထက်ပို၍ စေးမည်ကားမဟုတ်ပေ။ သို့ရာတွင် မဖြစ်လာသည့်အရာကို ဖြစ်လာ သည့် အနေမျိုးဖြင့် မဖြစ်စဖူး၊ မဖြစ်သင့်ဘဲ ဖြစ်ပုံကို ထင်ရှားစေလို၍ ဆိုသည်။

အရာဝတ္ထုနှစ်မျိုး ယှဉ်တွဲသုံးသပ်သောအခါတွင် သူ့သဘာဝနှင့်သူ ယှဉ်တွဲ၍ စဉ်းစားမြဲ ဖြစ်ပေသည်။ ယောက်ျားနှင့်မိန်းမဖြစ်လျှင် ယေဘုယျအားဖြင့် ယောက်ျားက အရပ်မြင့် သည်ဟု ယူဆပေသည်။ အကယ်၍ ယောက်ျားက အရပ်နိမ့်နေလျှင် သဘာဝ နှင့်ဆန့်ကျင် သည်ဟု ယူဆတတ်ကြပေသည်။ မိမိစရိုက် သဘာဝအားလျော်စွာ ယေဘုယျသဘောအတိုင်း မဖြစ်သင့်သောအရာ ဖြစ်ပေါ်ခဲ့လျှင် ထိုစကားပုံကိုသုံးသည်။ ဖြစ်ရိုးဖြစ်စဉ် ဖြစ်တတ်သော အလေ့အထကိုသာ နှစ်သက်သော သဘောရှိသည်။ မိမိဖြစ်ရိုးဖြစ်စဉ်ထက် ပိုလွန်ခြင်းကို ရွံရှာတတ်ကြသည်။

4 Comments

  1. strawberry says:

    မြင်းကမလှုပ်၊ ခုံကလှုပ်သည်။

  2. snow says:

    အိုးကမပူ စလောင်းကပူ…..

  3.်ဘဝ says:

    ထီးဖြူ ဖိနပ်ပါး
    ဆိုလိုသည်မှာ နေပူရှိန်ကြောင့် ထီးဖြူနေပြီး လျှောက်နေရသောကြောင့် ဖိနပ်သာပါးသွားပါသည် ကာယကံရှင်က နေပူထဲတွင်မည်သို့မျှ မနေချေ။

Any suggestions? Please leave it here