ကရိုးမကဘဲ ဆန်း က၍ နှပ်ပစ်ခံရသည်

ဇာတ်ခုံပေါ်တွင် ကရိုး ကစဉ် နေရာအ၀န်းအ၀ိုင်းအတွင်း ကရ မည်ဖြစ်လျက် ဇာတ်ခုံအစွန်းရောက်အောင် ပြေးလွှားခုန်ပျံကသဖြင့် ဇာတ်ခုံအစွန်ဘက်သို့ တစ်စုံ တစ်ယောက်က နှပ်ညှစ်၍ ပက်ပစ်သည်နှင့် မလွတ်ဘဲ စွန်းပေခံရ သည်ဟု ဆိုလိုသည်။

လုပ်ရိုးလုပ်စဉ်အတိုင်း ပြုလုပ်ခြင်းသည် လမ်းရိုးလမ်းဟောင်းဖြစ်၍ အောင်မြင်ပြီး မြောက်မှုအတွက် သေချာပြီး ဖြစ်သည်။ သို့ရာတွင် ကွန့်ဆန်း၍ တစ်မျိုးတစ်ဖုံ အသစ်ထွင် ပြုလုပ်သောအခါ အတွေ့အကြုံမရှိသေးဘဲ စမ်းသပ်ရသည်ဖြစ်၍ အောင်မြင်မှုအတွက် အသေအချာပဲ ဆုံးရှူံးနစ်နာမှုလည်း ရှိတတ်သည်။ အသစ်တီထွင်မှုတွင် စွန့်စားမှု ရှိမြဲဖြစ် သည်။ ထိုသို့ရှိရာတွင် အဆန်းတီထွင် ကွန့်ထွက်မိ၍ ထိခိုက်နစ်နာမှုမရှိသောအခါ လုပ်ရိုး လုပ်စဉ်မှ ကွန့်ထွက်၍သာ ထိခိုက်နစ်နာရသည်ဟု ယူဆလျက် ကရိုးကစဉ်နေရာက လွတ်အောင် ဆန်း၍ကသဖြင့် နှပ်အပစ်ခံရသည်နှင့် ခိုင်းနှိုင်းဆိုသည်။

စကားပုံများသည် အယူအဆနှစ်ဖက်လုံးအတွက် ရှိမြဲဖြစ်၍ လိုရာဘက်၌ ဆွဲ၍ သုံးစွဲ ကြသည်။ စကားပုံရှိတိုင်း သဘော သဘာဝတ္တသည် တစ်ထစ်ချ အမှန်ဧကန်ဟူ၍ မယူဆသာ ပေ။ နှစ်ဖက်အစွန်းအားဖြင့် အလျဉ်းသင့်ရာပုံပမာ နှိုင်းယှဉ်ကြသည်ဟုသာ မှတ်ယူရန် ရှိသည်။ “ပျက်အစဉ် ပြင်ခဏ” ဟူသော စကားပုံ၊  “ဒီလိုနေ ဒီလိုသေရမည်” ဟူသော စကားပုံမျိုးလည်း ရှိသည်။

1 Comment

  1.်ဘဝ says:

    *တန်ဆေး လွန်ဘေး *မှတ်ထားပေးစေချင်တယ် ပိုကောင်းတယ်လို့ထင်လို့

Any suggestions? Please leave it here