ကျွဲနှစ်ကောင်ခတ်သည့်ကြား မြေစာပင် မခံနိုင်

ကျွဲနှစ်ကောင် ဝှေ့ခတ်ကြရာတွင် တိုးဝှေ့ဆုတ်ရှောင်ကြခြင်းဖြင့် မြေပေါ်၌ ပေါက် နေသော မြေစာမြက်ပင်များမှာ ကျွဲနှစ်ကောင်နင်းချေခြင်းကို ခံရပြီး ကျွဲနှင့် လည်း ရန်သူမဟုတ်၊ ရန်ဖြစ်ရာ၌လည်း မပါဘဲနှင့် မတ်မတ်မရှင်သန်နိုင်ဘဲ ကျေပျက် ရသည်ဟု ဆိုလိုသည်။

သက်ဆိုင်သူ နှစ်ဦးနှစ်ဖက် အချင်းချင်း တိုက်ခိုက်ရန်ပြုကြရာတွင် ကြားမှ မသက်ဆိုင်သော အပြစ်မဲ့သူများ အနစ်နာခံကြရသည့်အခါတွင် သုံးနှုန်းသည်။

1 Comment

  1. snow says:

    ပဲလှော်ကြား ဆားညပ်

Any suggestions? Please leave it here