ကျွဲပါးစောင်းတီးသည်

အနုပညာအရသာကို မခံစားတတ်သော ကျွဲ၏အပါးတွင် စောင်းကို တီးပြသော် လည်း ကျွဲသည် မည်သို့မျှ အရေးမထား၊ အရသာမခံယူတတ်သည်ဟု ဆိုလိုသည်။

မသိ နားမလည်သူ သို့မဟုတ် မနာခံလိုသူအား စကားကောင်း အကြံကောင်းကို တင်ပြနှီးနှောသော်လည်း ထိုသူသည် အလေးမမူ လက်မခံဘဲ ထိုစကားနှင့်အကြံကို စွန့်ပယ်ပစ်သည့်အခါတွင် သုံးနှုန်းသည်။

ကျွဲပါး စောင်းတီးရာတွင် ကျွဲကမမိုက်၊ စောင်းတီးသူကသာ မိုက်သည်ဟု အပြန် အလှန်အားဖြင့်လည်း အချို့ကောက်ယူကြသည်။

4 Comments

  1. zawzaw says:

    အဆိပ်ပင်ရေလောင်း

    အဆိပ်ပင်သည် ကောင်းကျိုးမပေးသောအပင်ဖြစ်ပြီး ၄င်းအပင်အား ရေလောင်းခြင်းသည် အချီးအနှီးသာဖြစ်ခြင်းကို ဖော်ပြသည်၊ အဆိပင်ရေလောင်းသူသာ လူမိုက်ဖြစ်သည်ဟု ဖော်ညွှန်းခြင်းဖြစ်သည်။

  2. mmproverb says:

    ကျေးဇူးကိုဇော်ဇော် .. ကျွန်တော် အကိုရေးထားတဲ့ စကားပုံထည့်လိုက်မယ်။

  3. snow says:

    မွေပွေးခါးပိုက်…..

Any suggestions? Please leave it here