ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ
တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အားကိုးမှီတွယ်နေရသည်ဟု ဆိုလိုသည်။ မြစ်ကြောင်း များတွင် သောင်ထွန်း၍ နုံးတင်သဖြင့် ကျွန်းများပေါ်လာတတ်သည်။ ထိုကျွန်းများသည် မြေနုသဖြင့် ရေတိုက်စားသောအခါ အလွယ်နှင့် ရွေ့ပါးသွားတတ်လေသည်။ သို့ရာတွင် ကျွန်းမြေပေါ်တွင် ကိုင်းပင်များပေါက်လာသောအခါ ကိုင်းပင်အမြစ် ကုပ်တွယ်ထားခြင်းကြောင့် တစ်ကြောင်း၊ ကိုင်းပင်များ သေခြောက်ဆွေးမြည့်သဖြင့် မြေစာသစ်တက်လာခြင်းနှင့် ကိုင်းပင်များကြောင့် ဒိုက်များ၊ နုံးများ ပို၍ ငြိတွယ်လွယ်ခြင်း စသည်တို့ကြောင့် တစ်ကြောင်း၊ ကျွန်းမြေများသည် ပို၍ မြင့်မောက် ခိုင်မာကာ မရွေ့မပျောက် နှစ်ကာလကြည်ရှည် တည်တံ့နိုင်လေသည်။ ထိုနည်းဖြင့် ကျွန်းသည် ကိုင်းပင်ကို မှီရလေသည်။
ကိုင်းပင်သည်လည်း ကုန်းမြေပေါ်၌သာ ပေါက်နိုင်သဖြင့် ကျွန်းကိုမှီ၍ ပေါက်ပွား ရလေသည်။ ခိုင်မာသော မြေလွှာရှိ၍ ရေတိုက်စားမှုနည်းပါးသော ရေစပ်၊ ကျင်းနိမ့်များ၊ ကျွန်းများကို မှီတွယ်၍သာလျှင် ကိုင်းပင်ပေါက်ပွားရှင်သန်ရသောကြောင့် ကိုင်းက ကျွန်းကိုမှီရသည်ဟု ဆိုလေသည်။
ဤသို့အားဖြင့် ကျွန်းနှင့်ကိုင်းသည် တစ်ခုကိုတစ်ခု အပြန်အလှန် မှီတွယ်ရလေ သည်။
(ဤ၌ “ကျွန်း”ကို “ကျွန်းသစ်ပင်” ဟု မှတ်ယူလျှင် ကျွန်းပင်နှင့် ကိုင်းပင် အပြန်အလှန် မှီတွယ်ပုံသည် သဘောဝယုတ္တိမရှိချေ။ ထိုမှတစ်ပါး “ကိုင်း”ကို စားသုံး သီးနှံစိုက်သော “ကိုင်းခင်း” အနေနှင့် မှတ်ယူလျှင်လည်း ကျွန်းက ကိုင်းကို မှီတွယ်ရာ ၌ သဘာဝယုတ္တိ အားလျော့မည်ဖြစ်ပေသည်။)
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။