ကျွန်ယုံတစ်ဖက်ကန်း သားသမီးယုံ စုံလုံးကန်း
ကျွန်ကို ယုံကြည်မိသဖြင့် ကျွန်က လှည့်ဖျားခိုးယူသောကြောင့် ဥစ္စာပစ္စည်း အချို့ အ၀က် ကုန်ဆုံးရသဖြင့် မျက်လုံးနှစ်လုံးအနက် တစ်လုံးအမြင်ဖြင့် မြင်ရသလောက်သာ ဥစ္စာ ကျန်တော့သည်ကို တစ်ဖက်ကန်းသည်ဟု ဆိုသည်။ သားသမီးကို အယုံသည်း၍ အလုံးစုံ ယုံမှတ်အပ်နှံထားသောအခါ သားသမီးက မိဘပစ္စည်းဖြစ်၍ ပိုင်ပိုင်နင်းနင်း ထုခွဲ သုံးဖြုန်းလေ သဖြင့် ပစ္စည်းလုံးဝကုန်ဆုံးရသည်တွင် မျက်လုံးစုံ လုံကန်းရဘိသကဲ့သို့ ပစ္စည်းဥစ္စာ လုံးဝမမြင် ကွယ်လေသည်ဖြစ်၍ စုံလုံးကန်းသည်ဟု ဆိုသည်။ ဆိုးဝါးသော သားသမီးသည် သူစိမ်းကျွန်ထက်ပင် မိဘကို ဒုက္ခပေးတတ် သည်ဟု ဆိုလိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
