ကွာပါဆိုတော့ သူများက လွမ်းတော့ ကိုယ်က
သူတစ်ပါးက ကွာလိုက်ဟုစေ့ဆော်တိုက်တွန်းသဖြင့် လင်နှင့်ကွာပြီးနောက်မှ လွမ်းတ စရာ ရှိသောအခါ မိမိကသာ လွမ်းစေရ၍ တိုက်တွန်းသူများလာ၍ လွမ်းမပေးနိုင်ကြသည်ကို ဆိုလိုသည်။
မိန်းမတစ်ယောက်သည် လင်နှင့်စိတ်အခန့်မသင့်မသောအခါ အိမ်နီးချင်းများက လင်ကိုကွာပစ်လိုက်ရန် တိုက်တွန်းသဖြင့် သွေးပူခိုက်ဖြစ်သောကြောင့် အိမ်နီးချင်းများ စကားကို နားယူကာ စိတ်လိုက်မာန်ပါ ကွာလိုက်လေတော့သည်။ ထို့ကြောင့် သွေး အေးသွားသောအခါတွင် လင်ကို လွမ်းဆွတ်၍ တသသဖြစ်နေတော့သည်။ ထိုအခါမှ မိမိ စိတ်လိုက်မာန်ပါ ကွာရှင်းလိုက်မိသည်မှာ မှားကြောင်းသိလာ၍ ကွာပါဟုအကြံပေး သူများမှာ အခြားသူများဖြစ်သော်လည်း တကယ့်လက်တွေ့ လွမ်းတရသူမှာ အခြားသူ မဟုတ်ဘဲ မိမိ သာဖြစ်နေပါကလားဟု ရေရွတ်လေတော့သည်။
အခြားသူများအဖို့ ကိုယ်တိုင်ခံစားတွေ့ကြုံရခြင်းမရှိဘဲ အကြံပေးတိုက်တွန်းရုံမျှသာ ဖြစ်သောလည်း တကယ့်လက်တွေ့ ဆောင်ရွက်သူများ အကျိုးအပြစ်ကို လက်တွေ့ခံစားရ သည်သာဖြစ်သဖြင့် မိမိအရေးကို မိမိကိုယ်တိုင်သာလျှင် စဉ်းစားချိန်ဆပြီးနောက် ဆောင်ရွက် သင့်မှသာ ဆောင်ရွက်ရမည်ဖြစ်သည်။ သူတစ်ပါးအကြံကို လိုက်သင့်မှ လိုက်ရမည်။ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရမည်ဖြစ်၍ ကိုယ်ပြုသလို ကိုယ်ခံစားရမည်ဖြစ်ကြောင်းကို လေးနက်စေရန်အတွက် ထိုဥပမာကို ခိုင်းနှိုင်းပြောဆို သည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
ကွဲ ကွဲဆိုတော့ အများ လွမ်းရတော့ ငါတစ်ယောက်တည်း။
ကြုပ်တို့ဘက်မှာတော့ ဒီလိုသုံးကြတယ် ခင်ဗျ။
နောက်ထွက် မြန်မာ စကားပုံတွေ မှတ်မိသလောက် ရေးလိုက်သဗျာ။ စကားပုံလား၊ ဆိုရိုးလား မခွဲတတ်ဘူးနော။
၁။ ဒီလောက်မိုးရွာတာတောင် ကတုံး ရေမစို။
၂။အမေ့လဲ မပြောရဲ။ သူကြီးလဲ မတိုင်လောက်။
၃။အိမ်မရှိဘဲ ခွေးမွေးသည်။
၎။ခြုံစရာမရှိတဲ့သူက ချမ်းတတ်သည်။
၅။တံငါ ကြိုက်လို့ ငါ့ထက်သာသည်။
ဒေသိယ ဆိုရိုး၊ စကားပုံတွေ အများကြီးဗျ။ အဲဒါတွေက စာအုပ်ထဲက စကားပုံတွေ ပိုထိရောက်တယ်။ မြန်မာ့ကျေးလက် အတွေးအခေါ်အပြည့်အ၀ပါတယ်။ လိုက်တောင်းကြည့်ရလောက်တယ်။ ရှာရသလောက်တော့ ပို့မယ်ဗျို့။ ပက်ပက်စက်စက် အားပေးတယ်ဗျို့။