ကွမ်းသီးကြိုက် တောင်ငူပို့

ကွမ်းသီးကြိုက်တတ်သူကို ကွမ်းသီးထွက်ရန် တောင်ငူမြို့သို့ ပို့လွှတ်သည်ဟု ဆိုလို သည်။ ဖြစ်ပျက်လာမှုသည် မူလဆန္ဒနှင့် ကိုက်ညီနေသည်။ အဆိုးမဖြစ်ဘဲ အကောင်းဖြစ်နေ သည်ဟု ဆိုလိုရာရောက်ည်။

တောင်ငူမြို့နယ်သည် ကွမ်းသီးထွက်ရာဒေသအဖြစ် ထင်ရှားသည်။

“တံတားဦးက ကွမ်းနုဝါ၊ ငမြာကဆေး
ကွမ်းသီးတောင်ငူပ၊ စစ်ကိုင်းထုံးဖြူ၊ ပြည်ရှားနှင့် သာဝါးလို့ထွေး”

ဟူသော စာချိုးပင်ရှိသည်။ ကွမ်းသီးကြိုက်သူကို တောင်ငူသို့ပို့က မငြိုမငြင် အကြိုက် သင့် ကျေနပ်စွာသွားပေလိမ့်မည်။ တောင်ငူသို့ ပို့ခံရခြင်းသည် ကွမ်းသီး ကြိုက်သူအတွက် မလိုလားသောအရာမဟုတ်ဘဲ အကြိုက်ပင် ဖြစ်ပေလိမ့်မည်။ တစ်ခါတစ်ရံ အခြားသူတစ်ဦး အတွက် အခက်အခဲ မနှစ်သက်ဖွယ်ရာဖြစ်လိမ့်မည်ဟူသော အထင်ဖြင့် ပြုလုပ်စီမံလိုက်သော် လည်း ထိုသူ့အဖို့တွင် အကြိုက်တွေ့စရာ ဖြစ်သွားတတ်ချေသည်။ တစ်ဦးတစ်ယောက်၏ တစ်ဖက်မှအမြင်သည် အခြားသူတစ် ယောက်အတွက် ဆန့်ကျင်ဘက်အားဖြင့် မြင်စေတတ် ကြောင်းကို သတိပေးညွှန်ပြသည်။ ခရီးလှည့်လိုသူများကို နယ်ပြောင်းရသည့်အလုပ်မျိုး ပြောင်းပေးလျှင် ကွမ်းသီး ကြိုက်သူကို တောင်ငူပို့သကဲ့သို့ ရှိပေလိမ့်မည်။

3 Comments

  1. ကျော်ကျော် says:

    စူဠလိပ် ရေထဲလွှတ်
    ဆိုတဲ့ စကားပုံနဲ့ နီးစပ်ပါတယ်

  2. poem says:

    မိချောင်းမင်း ရေကင်းပြ နဲ့တူတယ်ထင်ပ

  3. Komin says:

    ရေငတ်တုန်း ရေတွင်းထဲကျ ..
    အချိုရှာ သကာတွေ့ ..
    ဆိုတာတွေနဲ့လည်း ဆင်တူတယ်

Any suggestions? Please leave it here