ကွန်လေးသစ်ကွင်းနှင့် ငါးကြင်းအုပ်ကို မမိနိုင်
အကွဲ လက်လေးသစ်ခန့်ရှိသော ပိုက်ကွန်ကျယ်နှင့် ငါးကြင်းပေါက်များကို အုပ်ဖမ်း သည်ရှိသော ငါးကြင်းက တိုးထွက်လွတ်မြောက်သွားနိုင်သဖြင့် အချည်းအနှီး ဖြစ်မည်ဟု ဆိုလိုသည်။
တစ်စုံတစ်ခု ပြုလုပ်ရာ၌ လုံလောက်သော ပစ္စည်းကိရိယာအင်အား လိုအပ် သည်။ မလုံလောက် ချို့တဲ့သော အင်အားပစ္စည်းဖြင့် ထိုအင်အားထက်လွန်သော လုပ်ငန်းကို ပြုလုပ်ခြင်းငှာ မတတ်စကောင်းပေ။ ထို့ကြောင့် အလုပ်ပမာဏနှင့် စိုက်ထုတ်ရမည့်အင်အား ညီမျှမှသာ စွမ်းဆောင်နိုင်မည်ကို ရည်ညွှန်းသောအားဖြင့် ငါးကြင်းကို ဖမ်းလိုက ငါးကြင်းမလွတ်ထွက်နိုင်သော ပိုက်မျိုးကိုသာ သုံးရမည်။ မဖမ်းမိ မအုပ်မိနိုင်သော ပိုက်မျိုးဖြင့် ဖမ်းပါက ငါးကြင်းကို မရနိုင်ဟု တင်စားဆိုသည်။
မျှတသောအင်အားဖြင့်သာ မျှတသောအလုပ်ကို နိုင်နင်းစွာလုပ်နိုင်မည်ကို ဆိုလိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
မပိုင်ရင် ခြင်မရိုက်နဲ့