ကျူပင်ခုတ် ကျုငုတ်မှ မကျန်ရ

ကျုပင်ကို ဖယ်ရှင်းခုတ်ထွင်သည်ဆိုလျှင် ကျူအငုတ်တစ်ခုတစ်လေမှ မကျန်စေ ရအောင် ခုတ်ထွင်ရှင်းလင်းရမည်ဟု ဆိုလိုသည်။

ကျူပင်သည် အငုတ်မှ အညှောင့်သစ်၊ အစို့သစ်များပေါက်ကာ ပြန်၍ ဝေစည် ကြီးပွား တတ်သော အပင်မျိုးဖြစ်သဖြင့် ကျူပင်ကို အလိုမရှိလျှင် အငုတ်ပါမကျန် ရှင်းခုတ်ပစ်မှ ကျူမျိုးပြုတ်နိုင်သည့်အတိုင်း အလိုလား၍ ဖျက်ဆီးရှင်းလင်းသောအရာတို့တွင် တဖန်ပြန်၍ အစထွက်သော အန္တရာယ်ကို ဖြစ်စေမည့်အရေးကို ကြိုတင်တားဆီးသောအားဖြင့် ပြီးပြီး ပြတ်ပြတ် အစမကျန်အောင် ရှင်းလင်းပြီးပြတ်စေရမည်ဟု သတိ ပေးခိုင်းနှိုင်းသည်။

Any suggestions? Please leave it here