ကျီးကို ဘုတ်ရိုသေမှ ဘုတ်ကို ကျီးရိုသေမည်
ကျီးနှင့်ခင်ပုတ် (ဘုတ်) ငှက်သည် အချင်းချင်းရန်ငြိုးပြုခဲ့ကြရာ နှစ်ဦးစလုံး ရန်စွယ် ပွား၍ တစ်ဦးကိုတစ်ဦး လေးစားကြည်ညိုစိတ်ကင်းမဲ့ပါက ရန်မီးမငြိမ်းဘဲ ကျန်တစ်ဦးကလည်း တုံ့ပြန်၍ လေးစားကြည်ညိုမည်မဟုတ်ဟု ဆိုလိုသည်။
ကျီးသည် နေ့ငှက်ဖြစ်၍ ညငှက်ဖြစ်သော ခင်ပုတ်ကို လိုက်လံရှာဖွေထိုးဆိတ် သည်။ ခင်ပုတ်သည်ညဥ့်ငှက်ဖြစ်၍ ညအခါကျီးသိုက်ကို ထိုးဆိတ်ဖျက်ဆီးရန်ပြုသည်။ ထိုရန်စသည် အပြန်အလှန်ဖြစ်၍ရန်မီးမငြိမ်းချေ။ ထိုနည်းတူလူနှစ်ဦး ဆက်ဆံရာတွင် တစ်ဦးက ကျန်တစ်ဦး ကို လေးစားရိုသေမှသာ ကျန်တစ်ဦးကလည်း အပြန် အလှန် လေးစားရိုသေမည်ဟု ဆိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
ကြီး ဆိုပြီး စာလုံးမှားပေါင်းထားပါတယ်။
နောက်တခုက ခင်ပုတ်ငှက်ဟာ ဇီးကွက်မျိုးနွယ်ဖြစ်ပါတယ်။ ကွင်းပြင်နဲ့ တောင်ခြေတွေမှာ ကျက်စားတဲ့ ညဥ့်ငှက်တမျိုးပါ။ ဇီးကွက် အော်သံနဲ့တူပါတယ်။ ညအချိန်မှာမှ အော်ပါတယ်။ “ဘုတ်” ငှက်မဟုတ်ပါဘူး။
ဘုတ်ငှက်ဟာ တောင်ခြေတောအုပ် ပင်လယ်စပ်တွေမှာ တအီအီ အသံပေးပြီး မြည်တတ်တဲ့ငှက်မျိုးဖြစ်ပါတယ်။ ဒီရေကျချိန်ဆိုရင် ဘုတ်ငှက်တွေ “အီ” တတ်ကြောင်း ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း (၂၁) – လှလိုက်မှာပဲ ကဗျာမှာ “ဘုတ်မကအီ၊ ဒီရေကျတေး” ဆိုပြီး ဖွဲ့ဆိုသွားခဲ့ပါတယ်။ ဘုတ်ဟာ ကျီးနဲ့ အရွယ်တူ အရောင်ကလည်း အနက်ရောင်ထင်ရပေမဲ့ ရောင်စုံရောပြီး တောက်ပတဲ့ အမွှေးအတောင် အနည်းငယ်ပါပြီး တချက်တချက်မှာ လက်ကနဲ တွေ့နိုင်သလို နဖူးထိပ်တည့်တည့်မှာ အမောက်သဏ္ဌာန်တခု ရှိပါတယ်။
ဒီစကားပုံရဲ့ အမည်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုပုံကလည်း ကွဲလွဲနေတာတွေ့ရပါတယ်။
“ကျီးကိုဘုတ်ရိုသေ၊ ဘုတ်ကိုကျီးရိုသေ” လို့ ဆရာမကြီး ကြည်ဦး ရဲ့ စကားပုံအလင်းပြကျမ်း မှာ ဝိစိတြလင်္ကာရ စကားပုံဆုံးမစာ ကို ကိုးကား ဖော်ပြထားပါတယ်။ ငှက်တွေနဲ့ ခိုင်းနှိုင်းထားတာလဲ မှားယွင်းနေကြောင်း ပြောထားပါတယ်။
ဒီစကားပုံရဲ့ ဗျုပ္ပတ် (အကြောင်းရင်း) ကတော့ တခါက ရွာကြီးတရွာမှာနေတဲ့ သူဆင်းရဲလင်မယား တို့မှာ သမီးနှစ်ယောက်ရှိပါတယ်။ သမီးကြီးကို “ကျီး” လို့ နာမည်ပေးပြီး သမီးငယ်ကို “ဘုတ်” လို့ နာမည်ပေးထားပါတယ်။ သူတို့ အရွယ်ရောက်လာလို့ မိဘတွေကွယ်လွန်သွားတဲ့အခါလည်း ညီအစ်မနှစ်ယောက်ဟာ တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင် တွယ်တွယ်တာတာနဲ့ ညီညီညွတ်ညွတ် နေထိုင်ကြပါတယ်။ ကျီးက ဘုတ်ကို ကြင်နာယုယ သလို ဘုတ်ကလည်း ကျီးကို ရိုသေလေးစားပါတယ်။
ဇာတိရွာမှ အလုပ်အကိုင် အဆင်မပြေလို့ တခြားရွာကို ပြောင်းရွှေ့နေထိုင်ကြတဲ့အခါမှာလည်း ညီအစ်မချင်း ရိုသေလေးစားစွာ ဆက်ဆံပြောဆိုပုံကို မြင်ရသူအပေါင်းက လေးစားမြတ်နိုးကြရ ပါတယ်။ နောက် အဲဒီရွာက အမျိုးကောင်းသား အသီးသီးနဲ့ လက်ထပ်ပြီး စီးပွားဥစ္စာတွေ တိုးတက်လို့ သားသမီးတွေ ပွားစီးလာသည်အထိ အရင်အတိုင်း တယောက်နဲ့တယောက် ရိုသေလေးစားစွာ ဆက်ဆံမြဲဆက်ဆံလာကြတာဟာ အသက်အရွယ်အိုမင်းပြီး ကွယ်လွန်တဲ့ အထိ ဖြစ်ပါတယ်။
ဒီ ညီအစ်မနှစ်ဦးကို အကြောင်းပြုပြီး ဒီစကားပုံပေါ်ပေါက်လာရခြင်းဖြစ်တယ် လို့ ဝိစိတြလင်္ကာရ စကားပုံဆုံးမစာ မှာဆိုထားကြောင်း ဖော်ပြထားပါတယ်။
ကျေးဇူးကိုဟယ်ရီ။ ကျွန်တော် စာလုံးပေါင်းတော့ ပြင်လိုက်ပြီ။ အကိုပြောတဲ့ အဆိုက ပိုပြီး ပြည့်စုံတယ် .. အကိုနဲ့အွန်လိုင်းမှာ သေချာပြင်ပြီးမှ ကျွန်တော်ပြင်လိုက်မယ်။
ကျီးကို ဘုတ်ရိုသေ ဘုတ်ကို ကျီးရိုသေ
ကျီးကို ဘုတ်ရိုသေသလို့ ဘုတ်ကိုလည် ကျီးက ရိုသေခြင်ဖြစ်သည်။ တစ်ယောက်နဲ့ တစ်ယောက် (အဲမှားလို) တစ်ကောင်နဲ့ တစ်ကောင် ၊ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ယုံကြည်လေးစာခြင်ကို ပြောဆိုလိုချင်ဖြစ်သည်။
ကျွန်တော်ကြားဖူးတာပါ။ ပြောလို့ရပါတယ်နော်