ကျီးကန်းသူကောင်းမြှောက် ချေးခြောက် ကောက်စားသည်

ကျီးသတ္တ၀ါကို ငှက်တို့ အသင်းအပင်းတွင် အကြီးအကဲအဖြစ် မြှောက်စား ထားသော်လည်း ကျီးတို့၏ သဘာဝအတိုင်း ချေးခြောက်ကိုတွေ့သောအခါ မချုပ်တည်းနိုင်ဘဲ ကောက်စားသည်ဟု ဆိုလိုသည်။

သတ္တ၀ါတို့သည် မိမိပင်ကိုယ်ဗီဇကို ဖျောက်နိုင်ခဲသည်။ အခြေအနေ ဂုဏ်ဒြပ် ကြီးမြင့်အောင် မြှောက်စားခြင်းခံရစေကာမူ ပင်ကိုယ်ချို့တဲ့သော စရိုက်အလေ့အလာ တို့သည် ပေါ်မြဲပေါ်နေတတ်သေးသည်။ ထို့ကြောင့် မြင့်မားသည့် အခြေအနေနှင့် မလျော်သော အပြုအမူကို ပုံခိုင်းဆိုသည်။ ချီးမြှင့်မြှောက်စားပါက မူလက အထင်ကြီး သကဲ့သို့ မဟုတ်ဘဲ ညံ့ဖျင်းသည့်အခါတွင်လည်း သုံးနှုန်းသည်။ ကြီးကဲ့သို့သော ဗီဇညံ့ သည့်သူမျိုးကို မမြှောက်စားထိုက်။ မြှောက်စားလျှင်လည်း ကြီးကဲ့သို့ ယုတ်ညံ့သော အပြုအမူကိုပင် ပြုလိမ့်မည်ဟု သတိပေးရာတွင်လည်း သုံးနှုန်းသည်။

1 Comment

  1. sithu says:

    လေ.လာ မှတ်သားပါ……..ပညာ ဟူသည် ကုန် ရိုး ထုံးစံ မရှိ..

Any suggestions? Please leave it here