ကျားကြီးသော် ခြေရာကြီးသည်
ကျားအကောင်ကြီးလျှင် ကျားအရွယ်နှင့်လိုက်အောင် ခြေရာကလည်း ကြီးသည် ဟု ဆိုလိုသည်။
အရာအထူး၊ အခြေအနေ၊ ၀င်ငွေ စသည် တိုးတက်လာသောအခါ သက်သာ ချောင်ချိမည်ဟု ထင်မှတ်ရစေကာမူ တာဝန်၊ အကြပ်အတည်း၊ အသုံးစရိတ် စသည်တို့ မှာလည်း အချိုးကျ တိုးတက်လာသည်သာဖြစ်၍ အခွင့်အလမ်းနှင့် တာဝန်သည်လည်း ကောင်း၊ အရနှင့်အသုံးသည်လည်းကောင်း လိုက်ဖက်စွာ တိုးတက်လာတတ်သည့် သဘာဝကို ဖော်ပြသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
သူခိုးပြေးမှထိုးကွင်းထဆိုတာနဲ့တူတဲ့အခြားစကားပုံကိုသိချင်ပါတယ်
ရန်သူပြန်မှဒူးလေးပြင်။
လူမိုက်နောက်မှ အကြံရ။
မိုးလွန်မှ ထွန်ချ။